လက်ထပ်ခြင်း/နှင့် ကွာရှင်းခြင်း/အကြောင်း ဆွေးနွေးခြင်း
10
ထို့နောက် ကိုယ်တော်/သည် ကပေရနောင်မြို့/မှ ထွက်ခွာ/၍ ယုဒပြည်/သို့ ကြွတော်မူ/ပြီးလျှင် ဂျော်ဒန်မြစ် တစ်ဖက်ကမ်း/သို့ ကြွတော်မူ၏။ လူထုကြီး/သည်လည်း ကိုယ်တော်/ထံသို့ တစ်ဖန်/စုဝေးလာကြ၏။ ကိုယ်တော်/သည်လည်း ယခင်/နည်းတူ သူတို့/ကို ဟောပြော/သွန်သင်တော်မူ၏။2 ထိုအခါ ဖာရိရှဲ/တချို့/သည် ကိုယ်တော်/ထံသို့ လာ/၍ “လူတစ်ဦး/သည် မိမိ/ဇနီး/ကို ကွာရှင်းသည်/မှာ ပညတ်တော်/နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု စမ်းသပ်လို/သဖြင့် မေးလျှောက်ကြ၏။
3 ယေရှု/က “ကွာရှင်းခြင်း/နှင့်ပတ်သက်/၍ သင်တို့/ကို မောရှေ/က မည်သို့/ညွှန်ကြားထားသနည်း” ဟု ပြန်/၍ မေးတော်မူ၏။
4 ထို/သူတို့/က “ကွာရှင်းစာချုပ်/ကို ဇနီး/အား/ပေး/၍ ကွာ/စေရန် မောရှေ/က ခွင့်ပြုထားပါ၏a” ဟု ဖြေကြားကြ၏။
5 ယေရှု/က “ဤသို့ မောရှေ/ခွင့်ပြုရခြင်း/မှာ သင်တို့/သည် အလွန်/ခေါင်းမာကြ/သောကြောင့်/ဖြစ်၏။ 6 သို့သော် ဖန်းဆင်းတော်မူခြင်း အစဦး/ကပင် ‘ဘုရားသခင်/သည် ယောက်ျား/နှင့် မိန်းမ/ကို ဖန်ဆင်းတော်မူ၏။’b 7 ‘ထို့ကြောင့် ယောက်ျား/သည် မိခင်/နှင့် ဖခင်/ကို ခွဲခွာ/၍ မိမိ/ဇနီး/နှင့် ပေါင်းဖက်/သဖြင့် 8 သူတို့/နှစ်ဦး/သည် တစ်သားတည်း/ဖြစ်ကြ/လိမ့်မည်။’c သို့ဖြစ်၍ သူတို့/သည် နှစ်ဦး/မဟုတ်တော့ဘဲ တစ်ဦးတည်း/ဖြစ်ကြ၏။ 9 ဘုရားသခင် ပေါင်းဖက်စေတော်မူသော/သူတို့/ကို မည်သူ/ကမျှ မခွဲခွာစေနှင့်” ဟု မိန့်တော်မူ၏။
10 ထို့နောက် ယေရှု/သည် တပည့်တော်တို့/နှင့်အတူ အိမ်ထဲ/၌ ရှိ/စဉ် တပည့်တော်တို့/က ထို/အကြောင်းအရာ/ကို တစ်ဖန်/မေးလျှောက်/ကြ၏။
11 ယေရှု/က “ခင်ပွန်း/ဖြစ်သူ/သည် မိမိ/ဇနီး/ကို ကွာရှင်း/ကာ အခြား/အမျိုးသမီး/တစ်ဦး/နှင့် လက်ထပ်/ပါက သူ/သည် မိမိ/မယား/ကို ပြစ်မှား/၍ အိမ်ထောင်ရေး/ဖောက်ပြန်မှု/ကို ကျူးလွန်၏။ 12 ထို/နည်းတူ အမျိုးသမီး/တစ်ဦး/သည် မိမိ/ခင်ပွန်း/ကို ကွာရှင်းကာ အခြား/အမျိုးသား/တစ်ဦး/နှင့် လက်ထပ်ပါ/က ထို/အမျိုးသမီး/သည်လည်း အိမ်ထောင်ရေး/ဖောက်ပြန်မှု/ကို ကျူးလွန်သည်” ဟု မိန့်တော်မူ၏။
ကလေးငယ်များ/ကို ကောင်းချီးပေးတော်မူခြင်း
13 တစ်နေ့/တွင် အချို့/မိဘများ/သည် မိမိတို့/၏/သားသမီးများ/ကို ကိုယ်တော်/၏/လက်တော်/ဖြင့် တို့ထိ/၍ ကောင်းချီးပေးတော်မူ/စေရန် ကိုယ်တော်/ထံသို့ ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့/သည် ထို/သူတို့/ကို ဟန့်တားကြ၏။
14 ယေရှု/သည် ထို/အခြင်းအရာ/ကို မြင်/သောအခါ တပည့်တော်တို့/ကို အမျက်တော်ထွက်/၍ “ကလေးငယ်များ ငါ့/ထံ/လာပါစေ။ သူတို့/ကို မတားကြနှင့်။ ဘုရားသခင်/၏/နိုင်ငံတော်/သည် ထိုသို့သော/သူတို့/၏ နိုင်ငံတော်/ဖြစ်၏။ 15 သင်တို့/အား ငါ/အမှန်/ဆို၏။ ဘုရားသခင်/၏/နိုင်ငံတော်/ကို ကလေးငယ်/ကဲ့သို့ မခံယူသော/သူ/သည် ထို/နိုင်ငံတော်/သို့ မည်သည့်/အခါမျှ ဝင်ရ/လိမ့်မည်/မဟုတ်” ဟု မိန့်တော်မူ၏။ 16 ထို့နောက် ကိုယ်တော်/သည် ကလေးငယ်များ/ကို ပွေ့ချီ/ကာ သူတို့/ခေါင်းပေါ်/၌ လက်တော်/တင်/၍ ကောင်းချီးပေးတော်မူ၏။
ချမ်းသာကြွယ်ဝသော/သူ
17 ကိုယ်တော်/သည် ဂျေရုဆလင်မြို့/သို့ ခရီးပြု/ရန် ထွက်ခွာတော်မူ/သောအခါ လူတစ်ဦး/သည် ကိုယ်တော်/ထံသို့ ပြေးလာ/၍ ဒူးထောက်/ပြီးလျှင် “ကောင်းမြတ်သော/ဆရာတော်… ထာဝရ/အသက်/ကို ရရှိ/ရန် အကျွန်ုပ်/သည် မည်သို့/ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
18 ယေရှု/က “ငါ့/ကို ကောင်းမြတ်သည်/ဟု အဘယ်ကြောင့်/ဆိုသနည်း။ ဘုရားသခင်/မှတစ်ပါး မည်သူ/မျှ မကောင်းမြတ်ပါ။ 19 ‘လူ့/အသက် မသတ်နှင့်။ သူတစ်ပါး/သားမယား/ကို မပြစ်မှားနှင့်။ မခိုးယူနှင့်။ မမှန်သော/သက်သေ/ကို မထွက်ဆိုနှင့်။ လှည့်စားလိမ်ယူ/ခြင်း မပြုနှင့်။ မိဘ/ကို ရိုသေလော့’ ဟူသော ပညတ်တော်/ကို သင်/သိသည်/မဟုတ်လော”d ဟု မိန့်တော်မူ၏။
20 ထို/သူ/ကလည်း “ဆရာတော်… အကျွန်ုပ်/သည် ဤ/ပညတ်တော်/အားလုံး/ကို ငယ်စဉ်/ကပင် လိုက်နာခဲ့ပါ၏” ဟု လျှောက်လေ၏။
21 ယေရှု/သည် ထို/သူ/ကို ကြည့်/လျက် မေတ္တာထားတော်မူ/သဖြင့် “သင်/မပြုရသေးသော/အရာ/တစ်ခု ရှိသေး၏။ သွားလော့။ သင်/၏ ဥစ္စာပစ္စည်းများ/ကို ရောင်းချ/ကာ ရသော/ငွေ/ကို ဆင်းရဲသားတို့/အား လှူဒါန်းလော့။ ထိုသို့ ပြု/လျှင် ကောင်းကင်ဘုံ/တွင် ဘဏ္ဍာ/ကို ရရှိ/လိမ့်မည်။ ပြီးမှ ငါ့/နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
22 သို့သော် ထို/သူ/သည် ဥစ္စာပစ္စည်း/ကြွယ်ဝသူ/ဖြစ်/သောကြောင့် မျက်နှာညိုး/၍ စိတ်မသက်မသာ/ဖြင့် ထွက်သွားလေ၏။
23 ထိုအခါ ယေရှု/သည် တပည့်တော်တို့/ရှိရာ/ပတ်ပတ်လည်လည် ကြည့်တော်မူ/ပြီးလျှင် “ချမ်းသာသော/သူ/သည် ဘုရားသခင်/၏ နိုင်ငံတော်/ထဲသို့ ဝင်/ရန် ခဲယဉ်းလှ၏” ဟု မိန့်တော်မူ၏။ 24 တပည့်တော်တို့/သည် ယေရှု/၏/စကားတော်/ကို ကြား/လျှင် အံ့သြကြ၏။ တစ်ဖန် ယေရှု/က “ချစ်သားတို့… ဘုရားသခင်/၏/နိုင်ငံတော်/ထဲသို့ ဝင်/ရန် အလွန်/ခဲယဉ်း၏။ 25 ချမ်းသာသော/သူ/သည် ဘုရားသခင်/၏/နိုင်ငံတော်/သို့ ဝင်/ရန်/ထက် ကုလားအုတ်/သည် အပ်နဖားပေါက်/ထဲသို့ လျှိုဝင်/ရန် ပို၍/လွယ်ကူသည်” ဟု မိန့်တော်မူ၏။
26 တပည့်တော်တို့/သည် အလွန်/အံ့အားသင့်/လျက် “သို့ဖြစ်လျှင် မည်သူ/သည် ကယ်တင်ခြင်း/ခံရပါမည်နည်း” ဟု မေးလျှောက်ကြ၏။
27 ယေရှု/သည် သူတို့/ကို စူးစိုက်/ကြည့်တော်မူ/၍ “ဤ/အမှု/ကို လူ/မတတ်နိုင်/သော်လည်း ဘုရားသခင်/တတ်နိုင်တော်မူ၏။ ဘုရားသခင်/သည် အရာ/အားလုံး/ကို တတ်နိုင်တော်မူ၏” ဟု မိန့်တော်မူ၏။
28 ထိုအခါ ပေတရု/က “အကျွန်ုပ်တို့/သည် အရာ/အားလုံး/ကို စွန့်/၍ နောက်တော်သို့ လိုက်ကြပါပြီ” ဟု လျှောက်လေ၏။
29 ယေရှု/က “သင်တို့/အား ငါ/အမှန်/ဆို၏။ တစ်စုံတစ်ဦး/သည် ငါ့/အတွက်/သော်လည်းကောင်း၊ သတင်းကောင်း/အတွက်/သော်လည်းကောင်း မိမိ/အိမ်၊ မြေ၊ ညီအစ်ကို/မောင်နှမများ၊ မိခင်၊ ဖခင် သားသမီးများ/ကို စွန့်လွှတ်/လျှင် 30 သူ/သည် ဤ/ဘဝ/၌ ညှဉ်းပန်းနှိပ်စက်ခံရခြင်း/နှင့်တကွ အဆတစ်ရာ/မျှသော အိမ်များ၊ မြေများ၊ ညီအကို/မောင်နှမများ၊ မိခင်များ၊ သားသမီးများ/ကို ရရှိ/လိမ့်မည်။ ထို့ပြင် နောင်ဘဝ/တွင်လည်း ထာဝရ/အသက်/ကို ရရှိ/လိမ့်မည်။ 31 သို့ရာတွင် ယခု အကြီးမြတ်ဆုံးသော/သူတို့/သည် အသေးနုပ်ဆုံး/ဖြစ်/လိမ့်မည်။ ယခု/အသေးနုပ်ဆုံးသော/သူတို့/သည် အကြီးမြတ်ဆုံး/ဖြစ်/လိမ့်မည်” ဟု မိန့်တော်မူ၏။
အသေခံတော်မူမည့်/အကြောင်း/ကို ထပ်မံ၍ ကြိုတင်/ဟောတော်မူခြင်း
32 သူတို့/သည် ဂျေရုဆလင်မြို့/သို့ တက်သွားကြ/စဉ် ယေရှု/သည် သူတို့/ရှေ့မှ ကြွတော်မူ၏။ တပည့်တော်တို့/သည်လည်း အံ့အားသင့်ကြ၏။ နောက်တော်/မှ လိုက်သော လူတို့/သည်လည်း ကြောက်ရွံ့ကြ၏။ ထိုအခါ ယေရှု/သည် တပည့်တော်တို့/အား သီးခြား/ခေါ်တော်မူ/၍ 33 “နားထောင်ကြလော့။ ငါတို့/သည် ဂျေရုဆလင်မြို့/သို့ သွား/လျက်/ရှိ၏။ ထို/မြို့/တွင် လူသားe/သည် ယဇ်ပုရောဟိတ်/ခေါင်းဆောင်များ/နှင့် ကျမ်းတတ်ဆရာများ/လက်/သို့ အပ်ခြင်း/ခံရမည်။ သူတို့/သည် သူ့/ကို သေဒဏ်/ပေးကြ/လိမ့်မည်။ လူမျိုးခြားတို့/၏/လက်/သို့လည်း အပ်နှံကြ/လိမ့်မည်။ 34 သူတို့/သည် လူသား/ကို ပြက်ရယ်ပြု/၍ တံတွေး/နှင့် ထွေးကြ/လိမ့်မည်။ ကြိမ်ဒဏ်ပေး/၍ ရိုက်နှက်ကြပြီး အသေသတ်ကြ/လိမ့်မည်။ သို့သော် သုံးရက်မြောက်သော/နေ့/တွင် သူ/သည် သေခြင်း/မှ ထမြောက်/လိမ့်မည်” ဟူ၍ မိမိ/၌ ဖြစ်ပျက်မည့်/အကြောင်းအရာတို့/ကို မိန့်တော်မူ၏။
သူတစ်ပါး/ကို အစေခံခြင်း/အကြောင်း သွန်သင်တော်မူခြင်း
35 ထို့နောက် ဇေဗေဒဲ/၏/သားများ/ဖြစ်သော ယာကုပ်/နှင့် ယောဟန်/တို့/သည် ကိုယ်တော်/ထံသို့ ချဉ်းကပ်/၍ “ဆရာတော်… အကျွန်ုပ်တို့/ကို ကျေးဇူး/တစ်ခု/ပြုတော်မူပါ” ဟု လျှောက်ကြ၏။
36 ယေရှု/က “သင်တို့/အတွက် မည်သည့်/အရာ/ကို ပြုလုပ်ပေး/စေလိုသနည်း” ဟု မေးတော်မူ၏။
37 သူတို့/က “အရှင်/သည် ဘုန်းကြီးသော/ပလ္လင်/၌ ထိုင်/၍ စိုးစံ/သောအခါ အရှင့်/လက်ဝဲတော်ဘက်/၌/တစ်ယောက်၊ အရှင့်/လက်ယာတော်ဘက်/၌/တစ်ယောက် ထိုင်ခွင့်/ပေးတော်မူပါ” ဟု လျှောက်ကြ၏။
38 သို့သော် ယေရှု/က “သင်တို့/သည် မည်သည့်/အရာ/တောင်းသည်/ကို သင်တို့/မသိကြ။ ငါ/သောက်မည့် ဒုက္ခဝေဒနာ/ခွက်/ကို သောက်/ရန်/နှင့် ငါ/ခံယူရ/မည့် နှစ်ခြင်းမင်္ဂလာ/ကို ခံယူ/ရန် သင်တို့ တတ်နိုင်ကြသလော” ဟု မေးတော်မူ/လျှင် 39 သူတို့/က “အကျွန်ုပ်တို့ တတ်နိုင်ပါသည်” ဟု လျှောက်ကြ၏။
ထိုအခါ ယေရှု/က “သင်တို့/သည် ငါ့/ခွက်/ကို အမှန်/သောက်ကြရမည်။ ငါ/ခံယူရမည့်/နှစ်ခြင်းမင်္ဂလာ/ကိုလည်း ခံယူကြရမည်။ 40 သို့ရာတွင် ငါ/၏ လက်ဝဲ/နှင့်/လက်ယာ တစ်ဖက်စီ/၌ ထိုင်ခွင့်/ကို ငါ/ပေးသည်/မဟုတ်။ ထို/နေရာများ/ကို ငါ/၏ ခမည်းတော်/သည် မိမိ/ရွေးချယ်တော်မူသော/သူများ/အတွက် ပြင်ဆင်ထားတော်မူ၏” ဟု မိန့်တော်မူ၏။
41 ထို/အကြောင်း/ကို ကျန်/တပည့်တော်/ဆယ်ပါး/တို့/ကြား/သော် ယာကုပ်/နှင့် ယောဟန်/တို့/အား ဒေါသထွက်ကြ၏။ 42 ထိုအခါ ယေရှု/သည် တပည့်တော်တို့/အား မိမိ/ထံသို့ ခေါ်/လျက် “လူမျိုးခြားများ/၏/အစိုးရမင်းတို့/သည် လူများ/အပေါ် အုပ်စိုးခြယ်လှယ်/တတ်ကြ၏။ အကြီးအမှူးတို့/သည်လည်း မိမိ/လက်အောက်တွင်/ရှိသော လူများ/အပေါ် အာဏာပြတတ်ကြ၏။ 43 သင်တို့/ကမူ ထိုသို့/မပြုကြနှင့်။ သင်တို့/အထဲတွင် ခေါင်းဆောင်/ဖြစ်လိုသူ/သည် သင်တို့/၏ အစေခံ/ဖြစ်ရမည်။ 44 အထွတ်အမြတ်/ဖြစ်လိုသော/သူ/သည် အားလုံး/၏ ကျွန်/ဖြစ်ရမည်။ 45 အဘယ်ကြောင့်ဆိုသော် လူသား/ပင်လျှင် သူတစ်ပါး/ကို စေခိုင်း/ရန် ကြွလာသည်/မဟုတ်ဘဲ သူတစ်ပါး/ကို အစေခံ/ရန်/နှင့် မိမိ/အသက်/ကို စွန့်/၍ လူများ/ကို ရွေးနုတ်/ရန် ကြွလာ/သောကြောင့် ဖြစ်သည်” ဟု မိန့်တော်မူ၏။
မျက်မမြင်/ဗာတိမဲ/ကို မျက်စိပြန်မြင်စေတော်မူခြင်း
46 ထို့နောက် ယေရှု/နှင့် တပည့်တော်တို့/သည် ဂျေရိခေါမြို့/သို့ ရောက်ကြ၏။ ထို/မြို့/မှ ထွက်ခွာတော်မူ/စဉ် လူအုပ်ကြီး/သည် နောက်တော်/သို့ လိုက်ကြ၏။ တိမဲ/၏ သား ဗာတိမဲ/အမည်ရှိသော/မျက်မမြင် သူတောင်းစား/တစ်ယောက်/သည် လမ်းဘေး/တွင် ထိုင်နေ၏။ 47 နာဇရက်မြို့သား/ယေရှု ရောက်ရှိတော်မူကြောင်း/ကို ကြား/သောအခါ ဗာတိမဲ/က “ဒါဝိဒ်မင်း/၏/သားတော် ယေရှု… အကျွန်ုပ်/ကို သနားတော်မူပါ” ဟု အော်ဟစ်လေ၏။
48 လူတို့/က သူ့/ကို တိတ်ဆိတ်/စွာ/နေ/ရန် ဆူငေါက်ကြ/သော်လည်း သူ/သည် ပို၍/ကျယ်သော/အသံ/ဖြင့် “ဒါဝိဒ်မင်း/၏/သားတော် ယေရှု… အကျွန်ုပ်/ကို သနားတော်မူပါ” ဟု အော်ဟစ်လေ၏။
49 ယေရှု/သည် အော်သံ/ကို ကြားတော်မူ/သောအခါ ရပ်တော်မူ/၍ “သူ့/ကို ခေါ်ခဲ့လော့” ဟု မိန့်တော်မူ၏။
ထိုအခါ လူတို့/က “အားမငယ်နှင့်။ ထလော့။ ကိုယ်တော်/သည် သင့်/ကို ခေါ်တော်မူသည်” ဟု ဆိုကြ၏။ 50 ဗာတိမဲ/သည်လည်း မိမိ/ဝတ်ရုံ/ကို လွင့်ပစ်/၍ အလျင်အမြန်/ထ/ပြီးလျှင် ယေရှု/ထံတော်သို့ သွားလေ၏။
51 ယေရှု/က “သင့်/အတွက် မည်သို့/ပြု/စေလိုသနည်း” ဟု မေးတော်မူ/သော် မျက်မမြင်/က “ဆရာတော်f… အကျွန်ုပ်/မျက်စိ/ကို မြင်စေတော်မူပါ” ဟု လျှောက်လေ၏။
52 ယေရှု/က “သွားလော့။ သင်/၏ ယုံကြည်ခြင်း/သည် သင့်/ကို မြင်စေပြီ” ဟု မိန့်တော်မူ၏။ ထို/သူ/သည် ချက်ချင်း/မျက်စိ/ပြန်မြင်/သဖြင့် ယေရှု/ကြွတော်မူရာ/လမ်း/တွင် နောက်တော်/မှ လိုက်လေ၏။